-----------------
ဤအရှင် ငယ်စဉ်က ဘောင်းဘီ အရမ်းဝတ်ချင်
ခဲ့မိဖူးတယ်။ ဘောင်းဘီ ဆိုယင် ဂျင်းပင်န် မွ ဝတ်ချင်ခဲ့တာပါ ။ မိဘတွေကဆင်းရဲလွန်းတော့
ဈေးသက်သာတဲ့ မြန်မာ့ချည်ပုဆိုးလေး တွေ
ဝတ်စေခဲ့ကြတယ်။
ဤအရှင်တို့ခေတ်က ချည်မှာ ချည်ကြမ်း
ချည်ချော ၂ မျိုး ရှိခဲ့ပါတယ်။ ချည်ကြမ်းကို
လယ္သမားပုဆိုး ဟုအများကခေါ်ကြတယ်။
အေဖက ပုဆိုးခ်စ္သူ ဖြစ်လေတော့ လယ္သမား
ပုဆိုးကို ချည်ဝတ်တိုင်း ဝတ်ဆင်ခဲ့ပါတယ်။
ဤအရှင်က အဖေကြီး အဖေကြီးပုဆိုးက သားပုဆိုး
ထက်အရောင်လှတယ် သားကိုလယ္သမားပုဆိုး
ဝယ်ပေးပါလား လို့ပူဆာခဲ့ဖူးပါတယ်။
သား ကို အေဖ ပြောပြမယ် အဖေကြီးအနား
မလာနဲ့ အဖေကြီးပါစပ် ကအရက်စော်နံတယ်
အဖေကြီး ပင်ပန်းလွန်းလို့သောက်ရတာ သား
အနံ့ မခံနိုင်မှာစိုးတယ် တဲ့ ဗ်ာ။
နားမလည်ခဲ့ဘူး...နားမလည်ခဲ့ဘူး
သား...မင်းကကျောင်းသား ကြ အဖေကြီးပုခုံးနဲ့
ငါ့သားကို ထမ်းတင်မယ် ငါ့သား ရာ။
ငါ့သား ဘာလုပ္မလဲ ဆရာဝန် လုပ္မလား
အဖေကြီးမှာ ဆိုက္ကား ရှိတယ် အိမ်ရှိတယ်
ရောင်းပြီး ထားပေးမယ်။
ငါ့သား ပညာကြိုးစားသင် လယ္သမားပုဆိုးကို
ဝတ်ချင်တယ်လို့ မပူဆာပါနဲ့သားရယ်။
အဖေကြီးစိတ်မကောင်းဘူး ။ အဖေကြီး အရက္သမား
ရဲ့စကား ကို ငါ့သား နားထောင်ပေးပါ။
ငါ့သားလောက် ပညာမတတ်တော့ ငါ့သားလို
စကား မပြောတတ်ဘူး သားရယ် တဲ့ ဗ်ာ။
နားမလည်ခဲ့ဘူး...နားမလည်ခဲ့ဘူး
အဖေကြီး သားဘောင်းဘီ ဝတ်ချင်တယ်
ငါးသားကြိုက်တဲ့ ဘောင်းဘီပြော ဝယ်ပေးမယ်။
ပြောလေသား အဖေကြီးမတတ်နိုင်မှာမပူနဲ့
ချက်ချင်းမရတောင် ရစေရမယ်..တဲ့ဗ်ာ
အစ္ကို အစ်ကို့သား ဒွေးဝတ်တဲ့ ဘောင်းဘီ
ဝတ်ချင်လို့ တဲ့..ဗ်ာ။
ဟဲ့သူငယ္မ နင်ဝင်မပြောနဲ့ ငါ သားနဲ့ငါပြောနေတာ
အစ်ကိုကလည်း မပြောတော့ဘူး
သား...မင်းအမေ စိတ်ကောက်သွားပြီ တွေ့လား
မိန်းမတွေဆိုတာသည်လိုဘဲ သားရ ငါ့သား
တစိနေ့အိမ်ထောင်ပြု ယင် သတိထားတဲ့...ဗ်ာ။
နားမလည်ခဲ့ဘူး...နားမလည်ခဲ့ဘူး
ဂျင်းပင်န် လေး ဝတ်ချင်ပါတယ်လို မပူဆာရက်
ခဲ့ပေမဲ့။
နားမလည်ခဲ့ဘူး...နားမလည်ခဲ့ဘူး...ဗ်
ဂျင်းပင်လေး ဝတ်ခဲ့ရတဲ့ အရွယ်က ပိုဝမ်းနည်းစရာကောင်းတယ်ဗျာ။
ငယ္ငယ္က
ပိတောက်ခြောက်ရောင် ဘောင်းဘီလေး ဝယ္လာ တယ်သားလေးဖို့တဲ့
ဈေးချုပ် အေပါစား ဖျင်ကောင်းလေးပါ။
ဘောင်းဘီ အသစ်လေးပြပြီး ပိတောက်ခြောက်ရောင် သာပြောတယ်အဖေကြီးရယ် အိမ်ကပိတောက်ခြောက်ရောင်နဲ့ မတူပါလား လို့ မေးမိတယ်။
အဖေကြီး က မင်းအမေဝယ်ခိုင်းတဲ့ အရောင်ဝယ်ခဲ့တာလေ သားလေး မကြိုက်ဘူးလားတဲ့။
ကြိုက်တာပေါ့အဖေကြီးရယ် သားသူငယ်ချင်းတွေတောင် ကျောင်းကိုဝတ်မလာကြဘူး လို့ပြောမိတယ်။
သားလေး ကျောင်းကိုဝတ်ချင်လို့လားတဲ့
အမွန္က သားလေးကို ပုဆိုး ဝတ်ပေးချင်တာ
မင်းဖွားဖွားကြီးက အဖေကြီးတို့ ဘောင်းဘီ ဝတ်တိုင်း
သူက ချေးယို ခက်သေးပေါက် ခက်တဲ့။
မခက်ပါဘူးအဖေကြီးရယ် နှစ်ခါရှိပြီသားကိုညာတာ
ဟေ
ဘာညာမိလို့လဲ
သား ချေးယို တာ တစ်ခါမှမခက်ဘူး
သည်ဘောင်းဘီ နဲ့ လို့ဖြေမိတယ်ဗျာ။
မင်းငယ်သေးလို့ မသိတာငါးသား
ကြီးလာယင် သားလေး သိလိမ့်မယ်တဲ့
နားမလည်ခဲ့ ဘူး... နားမလည်ခဲ့ဘူး
ညာပြောခဲ့တဲ့ ပန်းဆီရောင် ဘောင်းဘီလေး
ခုသာရှိမယ်ဆို မျက်ရည်ထဲ မျောလောက်တယ်ဗျာ။
အဖေကြီးရယ် သားကို ထမ်းတင် ရအောင်
အဖေကြီးက ခုတော့သားထက်အရပ်ပုနေတယ်ဗျာ
သားကို နိုင်အောင်ထမ်းနိုင်ခဲ့ရဲ့ လား... ။
တွေးမရဘူး... တွေးမရဘူး
ဆက်ရန်
ရေးဖို့အင်အားနည်းနေသေးတယ်ဗျာ...ငိုရပြန်ပြီ။
ဘောင်းဘီ ပန်းဆီရောင်လေးကို ဝတ်တိုင်း မိန်းမလျာ အပြောခံရဖန်များတော့ မဝတ်ချင်တော့
အဖေကြီး သားဘောင်းဘီက မိန်းမဝတ်တာ လား ယောကျ်ားဝတ်တာ လား လို့ မေးမိတယ်
သား မကြိုက်လို့လား ဤအရှင် အဖြေ ခက်နေတယ်
မေးလွန်းတော့ ကြိုက်တော့ကြိုက်တယ် အဖေကြီးရယ်..လို့ ဖြေမိတယ်
သားလေးမကြိုက် ပေမဲ့ ကုန်အောင်တော့ ဝတ်ငါ့သား...တဲ့
ကုန်အောင်တော့ ဝတ်ချင် တယ်...လို့ ဖြေမိတော့
ငါ့ သား မဝတ်ချင်လဲ ဝတ်ပါ အဖေကြီးရဲ့ ချေွးနဲ့ ရင်းပြီးဝယ်ပေးရတာတထည်ဘိုးရဖို့ မလြယ္ဘူး
ငါ့သား လေးလို ပညာသင်ချင် ခဲ့တာ သင်ခွင့်မရ ခဲ့ဘူး ဘက နဲ့ လေးတန်းတောင် ကျမှန်းအောင်မှန်းမသိဘူးသားရယ် အဖေကြီးဘဝက ကြမ်းလွန်းတယ်
အဖေကြီးဘဝလိုငါ့သားမဖြစ်စေနဲ့သင်ခွင့်ရတဲ့ပညာကိုကြိုးစားငါ့သားတဲ့
... နားမလည်ခဲ့ဘူး၊ နားမလည်ခဲ့ဘူး..ဗ်ာ။
...................................:...............................
မြန်မာ့ထဘီ...၄
ဤအရှင်
ပန်းဆီရောင် ဘောင်းဘီလေး
ဝတ်ခွင့်ရပြီး
ပထမတန်းမှာ ပထမဆု ရချိန်
အေဖက ဤအရှင့်ကို
ကလေးဝတ် ချည်ပုဆိုးလေး တစ်ထည်နဲ့
ကျောင်းစိမ်း ပုဆိုးလေးတစ်ထည် ဝယ်ပေးပါတယ်။
ဘောင်းဘီအတို ကေန အရှည် ဝတ်ခွင့်ရခဲ့တဲ့ ဤအရှင် ပုဆိုးလေးတွေကို ဝတ်ချင်စိတ် ဖြစ်နေခဲ့တာ ပုဆိုး အကြောင်း အဖေစပြောခဲ့စဉ်ကတည်းကပါ။
အရမ်းပျော်ခဲ့ရတဲ့အခိုက်ပေါ့
ပုဆိုးဝတ်ပုံကို စသင်ပေးပြီး မြန်မာကြီး ဖေဖေက မြန်မာလေးကို မြန်မာစိတ်စသွင်းတဲ့ အခိုက်လေးပေါ့
အရှင်သာကီသွေး
SBDD institude Pathein
ABDD Institude Pathein
No comments:
Post a Comment