-------------------
ပထမ တန်းမှာ ပထမဦးဆုံး ပထမဆု ရချိန်မှာ
မေ့ မရတဲ့ အမှတ်တရ လေးတစ်ခုက
သူငယ်တန်းစတက်ချိန်နဲ့ ဆက်စပ်ခဲ့တယ်
သူငယ်တန်း ကို တက်ရမည့် အရွယ်ရောက်ခါနီးမှာ
အစ်ကိုကြီးက ကျောင်းထား ဖို့ တိုက်တွန်းတော့
အဖေ က သားကြီး မင်းညီလေးငယ်သေးတယ်ကွ
အနိုင်ကျင့်ခံရမယ်တဲ့
အနှိမ်ခံ ဆင်းရဲ သား ဘဝ ရဲ့ ဒဏ်ခံ ထားရတော့
သားတွေကို သူ့လို မခံ စေချင် ခဲ့တာ
နားမလည်နိုင်ခဲ့ ဘူး နားမလည်နိုင်ခဲ့ဘူး
အစ်ကိုကြီးက ဤအရှင်ကို ညဘက် အပြင်သွားတိုင်း
ခေါ်သွားယင်း စာသင် ကျောင်းလေးကိုပြ ပြီး
ငါ့ညီလေးတက်ရမည့်ကျောင်း တဲ့
ပြလေရဲ့
ဤအရှင် တက်ချင်စိတ်ပေါက်လောက်အောင်
ချီးမွမ်း ပေးလေရဲ့ ငါ့ညီလေး ကို အစ်ကိုကြီးလို
ပညာ သင်ခွင့် မရ ခဲ့မှာ စိုးတယ် တဲ့
မိသားစု ဒုက္ခ ပင်လယ် မုန်တိုင်းကြားက
ဓားစားခံ ပညာသင်ခွင့်မရခဲ့ တော့
ညီလေး ကို ဖြစ်စေချင်ခဲ့ တဲ့ အစ်ကို ရဲ့မေတ္တာ
သည်မေတ္တာ ဖြစ်လာ အောင် အဖေ က
ကျောင်းထား ဖို့ လွယ်လွယ် လက်မခံ ခဲ့ ဘူးလေ
အဖေက ပုံသွင်း အစ်ကိုရဲ့ ချစ်ခြင်းနဲ့
ရေစည် တွန်းလို့ ငွေစုခဲ့ တယ်လေ
ညီလေးကျောင်းတက်ဖို့တဲ့
ရလာတဲ့ ဥစ္စာ အဖေက ဖြည့်စွက် မေတ္တာ အင်အားနဲ့
သားကို ကျောင်းထားပေးခဲ့တဲ့
မေတ္တာ သရုပ် ဟာ
အဖေ တစ်ယောက်ရဲ့ သွန်သင်မှု ပဲဆိုဆို
အစ်ကို တစ်ယောက်ရဲ့ ချစ်ခြင်းပြောပြော
သေချာတာကတော့
ကျောင်းစိမ်းပုဆိုး တစ်ထည်ရဲ့ ပဋိသနေ္ဓ ဖြစ်လာခဲ့ ပြီလေ။
အောင်စာရင်းကို ဘာမှန်းမသိ
ပထမဆုဆိုတာ နားမလည် ခဲ့ပေမယ့်
ပထမတန်းကျောင်းသား လေးရဲ့ ပထမဆုကို
အဖေ ဂုဏ် ယူ လို့ ငါ့သားမွေးရကျိုးနပ်ပြီ
သားကြီးမင်းညီလေးကို ကျောင်းထားပေးရကျိုးနပ်ပြီတဲ့
ဤအရှင်ရဲ့ (အမက ၂၅ ပုသိမ် ) ကျောင်းက ဤအရှင့်ကို ဆု ပေးချိန် ရောက်တော့
အလိုလို မိိဘဆရာ အသင်း အဖေ့ကို ထည့်သွင်းချိန်
ငါ့သား နဲ့ ကျမှ အဖေ ကြီးဆိုက္ကား သမား လူရာဝင်ပြီ
သားကြီး မင်းညီ လေး ငါတို့ အပေါ်တာဝန်ကျေပြီ
လို့တဖွဖွ ရေရွက်ရင်း အဖေ ငို နေတာ
နားမလည်ခဲ့ဘူး...နားမလည်ခဲ့ဘူး. ဗျာ..။
No comments:
Post a Comment